Flavors of Youth ( 2018 ) - Myanmar Asian TV Channel

Monday, January 21, 2019

Flavors of Youth ( 2018 )

Anime Fan တွေ မျှော်လင့်နေတဲ့ 2018 ခုနှစ်ထွက် Anime လေးတစ်ခုဖြစ်တဲ့ Flavors of Youth Movie လေးကို တင်ဆက်ပေးလိုက်ပါပြီနော် ... Drama, Movie, Romance, Slice of Life အမျိုးအစားလေး ဖြစ်ပါတယ် ...
ဒီကားလေးက တမျိုးတဖုံပြောင်းထားပါတယ် ... ဇာတ်လမ်းတစ်ခုလုံး ဇာတ်သွားတစ်ခုထဲ မဟုတ်ဘဲ 1) Hudamari no Choshoku - နေရောင်ရဲ့အားသားချက် 2) Chiisana Fashion Show - ချီအိစ ရဲ့ ဖက်ရှင်ရှိုး 3) Shanghai Koi - ရှန်ဟိုင်းမြို့ရဲ့ အချစ် ဆိုပြီး သုံးမျိုးခွဲထားပါတယ် ... သုံးမျိုးလုံးကလဲ တရုတ်နိုင်ငံမှာရိုက်ထားတဲ့ပုံမျိုးလေးပါ ... ဇာတ်သွားလေးက ငယ်ရွယ်ချိန်မှာဖြစ်တတ်တဲ့ ပျော်ရွှင်မှု နဲ့ အချစ်အကြောင်းလေးတွေရောနှောထားတာပေါ့ ... ဇာတ်လမ်း သုံးခုက တစ်ခန်းနဲ့ တစ်ခန်းမချိတ်ဆက်ထားဘူးနော် ... သီးသန့်စီ ခွဲထားတာပါ ... ဇာတ်လမ်းသုံးခုလုံးက တရုတ်အဆို ကိုပြန်ရိုက်ထားတဲ့ပုံစံလေးပါ ... တရုတ်အဆိုလေး က ဘဝရဲ့အခြေခံလိုအပ်ချက် လေးခုကို အခြေခံပြီး ဇာတ်ကွက်သုံးခု ဖန်တီးထားတာပါ ... လိုအပ်ချက်လေးတွေက - 1-အစားအသောက် 2-အဝတ်အစား 3-နေထိုင်ရာနေရာ(အိမ်) 4-ကူးသန်းရေး ထိုအရာလေးခုကိုအခြေခံပြီးဖော်ကျူးထားတာပါ ... ဇာတ်လမ်းအဆုံး Ending Song လေးပြီးတဲ့အခါ စာတန်းလေးတက်လာရင် ပိတ်မပစ်နဲ့နော် ... နောက်ဆုံးလေးမှာ ကျန်သေးတယ် ... သူ့ရဲ့ Ending Song- Walk လေးကလဲတော်တော် popular ဖြစ်နေပါတယ် ... YouTube မှာ ရှာလို့ ရတယ်နော် ... အားလုံးလဲ နှစ်သက်ကြမယ်လို့ထင်မိပါတယ် ... Rating အရ IMDb မှာ 7.5/10 နှင့် IGN.com မှာ 8.2/10 အထိ ရရှိထားတဲ့ Anime ဇာတ်ကားကောင်းလေးတစ်ခုပါ ...
   
Translator : Kiddo Encoder : Kiddo Quality : 720p Blu-ray File Size : 518 MB


Openload ( 518 MB )
Soliddrive ( 518 MB )
   

No comments:

Post a Comment